ကမ္ဘာတစ်လွှားမှာ The coronavirus ဖြစ်ပွားခဲ့တဲ့အတွက် ဘ၀နေထိုင်စားသောက်မှုအတွက် အလွန်ကို စိန်ခေါ်မှုတွေ ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် တစ်ယောက်နှင့် တစ်ယောက်၊ တစ်နေရာမှ တစ်နေရာ၊ ချိတ်ဆက်ရန်အတွက် နည်းလမ်းတွေတီထွင် ကြံဆလာကြပါတယ်။
အခုကတော့ စီးပွားရေးလုပ်ငန်း၊ မိသားးစု၊ သူငယ်ချင်း၊ အဖွဲ့အစည်း စသည့် အကြောင်းအမျိုးမျိုးကြောင့် အိမ်ကနေလုပ်ကိုင်လို့ရအောင် အကောင်းဆုံး video application လေးတွေကို ပြောြပပေးသွားမှာ ဖြစ်ပါတယ်။

Video Conferencing ဆိုတာ ဘာလည်း?

နှစ်ယောက် သို့ နှစ်ယောက်ထပ် ပိုတဲ့ သူအချင်းချင်း တစ်နေရာစီတည်ရှိနေပေမယ့် တစ်နေရာထဲမှာပဲ ဆုံတွေ့နိုင်အောင် ပြုလုပ်ပေးတဲ့ telecommunication လေးပဲ ဖြစ်ပါတယ်။ အသုံးပြုသူအချင်းချင်း တစ်ယောက်နဲ့ စကားပြောလို့ရ၊ လူချင်းတွေ့မြင်ရအောင် လုပ်ပေးထားတဲ့ နည်းပညာတစ်ခုလည်း ဖြစ်ပါတယ်။

Video conferencing အမျိုးအစားများ

Telepresence Video Conferencing, Desktop Video Conferencing, Room-based video conferencing ဆိုပြီး အမျိုးအစားများစွာရှိပါတယ်။

video conferencing အသုံးပြုခြင်းအတွက် အကျိုးကျေးဇူးများ
  1. အချိန်နှင့် ကုန်ကျစရိတ်ကို သက်သာ
  2. Communication တိုးတက်လာ
  3. အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်နိုင်
  4. ထုတ်ကုန် ပိုမိုမြန်ဆန်
  5. တည်ငြိမ်သော ယှဉ်ပြိုင်မှုအားသားချက်များကို ရရှိစေပါသည်။
Video Conferencing လုပ်ရန် လိုအပ်သော ကိရိယာများ
  1. Screen
  2. Microphone and camera
  3. Speaker
  4. Internet
  5. Software
Video Conferencing ဘယ်လိုအလုပ်သလည်း

Compression: software & hardware တွေဟာ Audiovisual signals တွေကို ဒီဂျစ်တယ်စနစ်နဲ့ ပြောင်းပေးပြီး အဲဒီ signal တွေကနေ ချုံ့ပီး network ပေါ်ကနေ ပို့လွှတ်ပေးပြီး အခြားကွန်ပျူတာမှ လက်ခံရရှိသည်။
Transfer: network ပေါ်ကနေ အခြားကွန်ပျူတာကို ရောက်ရှိတဲ့အခါ data တွေကို analog audiovisuals သို့ ပြောင်းပေးလိုက်တဲ့အတွက် လက်ခံပေးမယ့် ကွန်ပျူတာက ပို့လိုက်တဲ့ data တွေကို မြင်ရ ကြားရတာပဲ ဖြစ်ပါသည်။

Video Conferencing apps က ဘာတွေလည်း?
အကောင်းဆုံး video conferencing apps ကို ဘယ်လိုရွေးချယ်မလည်း?
  1. ရိုးရှင်းရမယ်
  2. စိတ်ချယုံကြည်ရမယ်
  3. ကုန်ကျစရိတ်သက်သာရမယ်
  4. ပါဝင်သူအရေအတွက်ပေါ်မှာလည်း ရွေးချယ်ရပါမယ်။
စီးပွားရေးလုပ်ငန်းတွေအတွက် free download လုပ်လို့ရမယ့် အကောင်းဆုံး video call application ၅ ခု
  1. Zoom meeting & chat
  2. Skype
  3. Google meet
  4. Webex
  5. GoToMeeting

Leave a Reply

Your email address will not be published. Required fields are marked *