ခုလက်ရှိမှာ Ransomware thread ဟာ တော်တော်များများမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရပါတယ်။ ဒါကြောင့် Window 10 အသုံးပြုသူ user များနှင့် IT admin များအတွက် ကိုယ့်ရဲ့ PC ကို ဘယ်လိုကာကွယ်နိုင်သလည်းဆိုတာကို အခု အောက်ဖော်ပြပါ အချက်များ နှင့် ပြောပြသွားမှာ ဖြစ်ပါတယ်။
ဒီ ransomware thread ခြိမ်းခြောက်မှုဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ ခံစားနေရတာပဲ ဖြစ်ပါတယ်။ virus သည် hard disk ပေါ်ရှိ ဖိုင်များကို ဖွင့်လို့မရအောင် encrypting လုပ်ပြစ်လိုက်တဲ့အတွက် data တွေကို မည်သည့် software နှင့်မဆို ဖွင့်လို့မရနိုင်တော့ပါ။ ထို့နောက် ဖိုင်များကိုဖွင့်ရန် ပိုက်ဆံ တောင်းဆိုကြပါတော့သည်။

ဒါပေမယ့် အခုကတော့ သင်သားကောင်မဖြစ်နိုင်တော့ပါဘူး။ ဘာြဖစ်လို့လည်းဆိုရင် Windows 10 အသုံးပြုသူများသည် ကိုယ်ကိုတိုင် ကာကွယ်နိုင်ပါပြီ။ ဒီစာမူလေးထဲမှာတော့ ကိုယ်ကိုတိုင် ဘယ်လိုကာကွယ်မလည်းဆိုတာနှင့် window 10 ထဲမှာပါတဲ့ anti-ransomware tool တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာလေးတွေကို ပြောပြသွားပေးမှာပါ။

Ransomware (or) virus ဝင်နိုင်စေတဲ့အကြောင်းများကတော့ malware anti software များအသုံးပြုခြင်း၊ ဖိုင်များ ဒေါင်းလုပ်ဆွဲခြင်း (သို့) အမည်မသိပေးပို့သူများနှင့် သံသယဖြစ်ဖွယ်အီးမေးလ်မှ လင့်ခ်များကို နှိပ်ခြင်းစသည့် အချက်များကြောင့် malware များ တိုက်ခိုက်ခံခဲ့ရခြင်းများရှိနိုင်သည်ကို သင်သိရှိထားမည်ဟု ထင်ပါသည်။ ယခုကတော့ Windows 10 ရဲ့ (last version 20H2) ၂၀ အောက်တိုဘာ ၂၀၂၀ သို့ ရောက်ရှိနေပါပြီ။ သင့်ကွန်ပျူတာတွင် တင်ထားသော window သည် Windows 10 အစောပိုင်းဖြန့်ချိမှုတစ်ခုရှိပါက အချို့အရာများ ကွဲပြား နိုင်သည်။
မိုက်ကရိုဆော့ဖ်သည် ransomware နှင့် ပတ်သက်၍ အလွယ်တကူပြင်ဆင်နိုင်သည့် anti-ransomware tool ကို Window 10 အတွင်းတိုက်ရိုက်တည်ဆောက်ခဲ့သည်။ ၎င်းသည်အောက်တိုဘာ ၂၀၁၇ မှ စတင်၍ ဖြန့်ချိခဲ့သော Windows 10 ဗားရှင်းအားလုံးတွင်ပါဝင်ပြီး Controlled Folder Access ဟုခေါ်သည်။ ၎င်းသည် လုံခြုံပြီးအပြည့်အဝ စစ်ဆေးပြီးသော application များသာ သင်၏ Computer ထဲသို့ ဝင်ရောက်ခွင့်ပြုခြင်းဖြင့် သင့်အား ကာကွယ်ပေးပါသည်။ အမည်မသိ application များ (သို့) လူသိများသော malware ခြိမ်းခြောက်မှုများအားခွင့်မပြုပါ။

ပုံမှန်အားဖြင့် အဲဒီ feature လေးဟာ ဖွင့်မထားပါဘူး။ တကယ်လို့ သင်ဟာ သင့်ရဲ့ ကွန်ပျူတာကို ransomware အန္တရာယ်မှ ကာကွယ်ချင်တယ်ဆိုရင်တော့ Turn on ဖွင့်ပေးဖို့ လိုအပ်ပါတယ်။ ပြီးရင် သင်သာ application အသစ်တွေ ထပ်ထည့်မယ်၊ Folder တွေအသစ်ထပ်ဆောက်တာပဲဖြစ်ဖြစ်၊ file တွေ download ချ၊ သူများဆီမှ လက်ခံတာပဲဖြစ်ဖြစ် အဲဒီအခါမှာ virus ပါမပါစစ်ဆေးကြည့်စေချင်တယ်ဆိုရင် လည်း ကိုယ်ကိုတိုင် customize လုပ်ပေးထားလို့ရပါတယ်။

အဲဒီလိုဖွင့်တဲ့အခါတွင်လည်း Window security ကို access လုပ်ပေးဖို့လည်း လိုအပ်ပါတယ်။ အဲဒီလိုလုပ်ရန်အတွက် နည်းလမ်းအများကြီးရှိပါတယ်။

Start menu > setting > Update & Security > Window Security > Virus & threat protection > Ransomware protection> Manage ransomware protection > Controlled folder access > off ဖြစ်နေတာလေးကို On လုပ်ပေးလိုက်ပါ။ ပြီးလျှင် Box ကျလာလျှင် Yes ကို နှိပ်ပါ။

ransomware

Leave a Reply

Your email address will not be published. Required fields are marked *