Computer အသစ်တွေ၊ နည်းပညာအသစ်တွေ တစ်နေ့ထက်တစ်နေ့ထွက်ပေါ်နေတာနဲ့အမျှ ကိုယ်နဲ့သင့်တော်မယ့် ကွန်ပျူတာကိုရွေးချယ်တော့မယ်ဆိုရင် လူတိုင်းက စျေးနှုန်း ကို ပထမ တန်းတင်တက်ကြပါတယ်။ ယခုလို Covid ကာလမှာ ပိုဆိုးတာပေါ့နော်။ ဒုတိယကတော့ စွမ်းဆောင်ရည်ပိုင်း၊ တတိယ အရည်အသွေးစစ်မှန်မှု နှင့် ယုံကြည်ရတဲ့ အာမခံဝန်ဆောင်မှု တွေကိုလည်း စဥ်းစားရပါတယ်။ အွန်လိုင်းမှ ကြော်ငြာတွေကလည်း များတော့ ရွေးချယ်ရတာ တကယ်မလွယ်ပါဘူး။ အဓိက ကတော့ ကိုယ့်လုပ်မည့် အလုပ်တွေရဲ့ မူတည်ပီးရွေးချယ်သင့်ပါတယ်။ တစ်ယောက်နှင့်တစ်ယောက် လိုအပ်ချက်ကလည်း မတူကြပါဘူး။ကိုယ်ဘာအတွက်ကို သုံးချင်တာလည်း ဆိုတာကနေစပီး ဦးစားပေးပီး စဉ်းစားစေချင်ပါတယ်။ No 1. ရုံးသုံးလေးပဲ သုံးချင်တဲ့သူများအတွက် သယ်ရတာ ပေါ့ပါးရမယ်၊ ပိုက်ဆံအများကြီးမသုံးချင်ဘူး၊ Office software (word, excel, PowerPoint, email) ပြီးတော့ အင်တာနက်လေးရယ်ပဲသုံးမှာပဲပေါ့ ခု အွန်လိုင်းက Teaching, meeting တွေအတွက် (Zoom, webex, microsoft teams, etc..) စတာတွေလို အွန်လိုင်း meeting သုံးမယ်ဆိုရင်လည်း RAM 4 GB, SSD Hard disk လေး ပါတာလေး သုံးစေချင်ပါတယ်။No 2. Gaming သမားတွေအတွက် ဆိုရင်တော့သေချာတယ် ပိုက်ဆံ ချွေတာလို့မရပါဘူး Graphic ပါရမယ်။ RAM များမှရမယ်။ CPU အမြင့်ကို သုံးရမယ်။No 3. Engineer, Video, Graphic ပိုင်းအတွက်သုံးမှာဆိုရင်တော့ ရေရှည်ကိုကြည့်ရမှာပါ။ ချွေတာလိုက်ရင် စိတ်ပင်ပန်းလူပင်ပန်းဖြစ်ပီး မိအေး ၂ ခါနာဖြစ်မှာပါ။ ဆိုလိုတာက တစ်ခါဝယ်တာနဲ့ မပြီးပဲ နောက်တစ်ခါ ထပ်ဝယ်ရမှာပါ။ တစ်ချို့ စက်၊ ကွန်ပျူတာတွေက အရမ်း heat ထွက်ပါတယ်။ အရမ်းကြီးတဲ့ Application တစ်ခုကို ဖွင့်လိုက်တာနဲ့ အရမ်းကို အသံတွေထွက်ပြီး ပူတက်လာပါတယ်။ ဆိုလိုတာက ကွန်ပျူတာက နေ ခံနိုင်လောက်တဲ့ Application တွေထက်ကို အများကြီး install (သွင်း) ထားတာရယ်ကြောင့်ပါ။ ပြီးတော့ တစ်ပြိုင်နက်တည်း မလိုအပ်ပဲ Application တွေကို ဖွင့်ထားတာလေးတွေလည်း ပါပါတယ်။ ဆိုင်ကနေ ဝယ်တော့မယ်ဆိုရင် ကိုယ်အသုံးလိုမယ့် Software, ဒါမှမဟုတ် ကိုယ်အသုံးတည့်မယ့် Software လေးတွေကိုသာ ထည့်ခိုင်းပါ။ မသုံးပဲ ထည့်ထားရင် စက်လေးတာရယ်ကြောင့် သုံးနေစဉ်မှာ ဟန်းတာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ နောက်တစ်ခါက အခုဆိုရင် Window 7တွေက update တွေ မရတော့ပါဘူး။ အသစ်ဝင်လာသမျှ Software တွေနဲ့လည်း အဆင်မပြေတာတွေ၊ တစ်ခါလေ အင်တာနက်ချိတ်လို့ မရ အစရှိတာလေးတွေ ဖြစ်ပေါ်လာမှာပါ။ အဲဒီကျတော့ နောက်ဆုံး ထွက်တဲ့ Window 10 ကျတော့လည်း များသောအားဖြင့် update ပိတ်ထားတဲ့ စက်တွေမှာ ခဏခဏ error လေးတွေ တက်လာနိုင်ပါတယ်။ Security ပိုင်းဆိုင်ရာမှာလည်း မကောင်းပါဘူး။ update ထွက်တိုင်း နောက်ဆုံး update ရောက်အောင်လုပ်ပေးစေချင်ပါတယ်။ အဲဒါအတွက်ကလည်း Model မြင့်၊ CPU မြင့်တဲ့စက်တွေမှ အဆင်ပြေမှာပါ။ အခုလောလောဆယ် ၂ သိန်းလောက်ပဲတက်နိုင်ရင် Pentium, Celeron လေးတွေဆိုရင် မြင့်တာတွေကို လိုက်ပီးမသုံးနိုင်ဘူး။ စက်တအားလေးပါတယ်။ အဲဒီ ၂ သိန်းကျော်တန်လောက် ဝယ်လိုက်ရင်လည်း နောက်တစ်နှစ်လောက်နဲ့ နောက်တစ်လုံးပြန်ဝယ်သုံးရမှာဆိုရင် ကုန်ခဲ့တဲ့ ၂သိန်းလည်း ကိုရှုံးသလိုဖြစ်သွားတာပေါ့နော်။ အဲဒါကြောင့် နည်းနည်းလေးပိုစုပီးတော့ ဝယ်စေချင်ပါတယ်လို့ အကြံဉာဏ်လေး ပေးချင်ပါတယ်။အော်တစ်ခုပြောချင်တာက ကိုယ်က ဘယ်လောက်ကောင်းတဲ့စက်ကို ရွေးချယ်ဝယ်ပေးမယ့်လည်း တစ်ခါလေမှာ စက်ရုံကထုတ်လိုက်တဲ့ အလုံး ၁၀၀ မှာ တစ်လုံးလောက်ကတော့ factory fault ကတော့ပါတယ်လေ။ ကံမကောင်းလို့ အဲဒါကိုယ်ဝယ်မိရင်တော့လည်း ကံပေါ့နော်