မြန်မာပြည်၏ အထက်အညာဒေသတွင် ဒန့်သလွန်ပင်များ လက်ညှိုးထိုးမလွဲ ပေါများလှသည်။ မိမိအိမ်ဝိုင်း၏ နောက်ဖေး မြေကွက်လပ်တွင် စိုက်ပျိုးလေ့ရှိကြ သည်။ ဒန့်သလွန်သီးရာသီချိန်ရောက် သောအခါတွင် အရသာလည်းရှိကာ ရနံ့ လည်းမွှေးသည့် ဒန့်သလွန်သီးကို ဟင်း အမယ်မျိုးစုံချက်ကာ မြန်မာအိမ်ရှင်မ များ လက်စွမ်းပြလေ့ရှိကြသည်။ ဒန့်သလွန်ရွက်နှင့် အဖူးအပွင့်တို့ကို ဟင်းချို၊ ဟင်းခါးနှင့်အသုပ်အဖြစ်စားနိုင်သည်။ ဒန့်သလွန်သီးကိုငါးရံ့ (သို့မဟုတ်) ငါးရံ့ခြောက်(သို့မဟုတ်)ကြက်ဥ/ဘဲဥတို့ဖြင့် တွဲဖက်၍သော်လည်းကောင်း၊ ပဲကုလားဟင်း၊ သီးစုံချဉ်ရည်ဟင်းအဖြစ်လည်းကောင်း၊ ဒန့်သလွန်သီးတောင့်ကို အစိမ်းလိုက် (သို့မဟုတ်)မီးကင်ပြီး အတွင်းသားနှင့်အစေ့တို့ကို ဇွန်းဖြင့်ခြစ်ကာကြက်ဥဖြင့်မွှေကြော်၍သော်လည်းကောင်း၊ ဘူးသီးဖြင့် ကြော်ချက် ၍ ဟင်းအဖြစ်လည်းကောင်း အရသာရှိရှိစားသုံးနိုင်သည်။ အနောက်နိုင်ငံများတွင်တော့ သူ့ရိုးရာ ဒေသအလိုက် ဟင်းလျာအဖုံဖုံကို ချက်ပြုတ်စားသောက်ကြသလို ဒန့်သလွန်ရွက် နှင့်အပွင့်တို့ကို နည်းပညာဖြင့်ပြုပြင်ကာ ကိတ်မုန့် ဖုတ်စားကြသည်။

Tree for Life Oraganization ၏ မှတ်တမ်းများအရ ဒန့်သလွန်သီးနှင့် အရွက်ထဲတွင်ပါရှိသော-
Vitamin C သည် လိမ္မော်သီးထဲ တွင်ပါရှိသော ပမာဏထက် ခုနစ်ဆပို သောကြောင့် အအေးမိ၊ နှာစေး၊ ချောင်းဆိုးခြင်းကို ကာကွယ်ပေးနိုင်သည်။
Calcium သည် နို့ထဲတွင်ပါရှိသော ပမာဏထက် လေးဆပိုသောကြောင့် အရိုးနှင့်သွားများကို ခိုင်မာသန်စွမ်းစေ နိုင်ပါသည်။ Iron ဟင်းနုနယ်ထဲတွင် ပါရှိ သောပမာဏထက် ငါးဆပိုသောကြောင့် သွေးကိုသန့်စေသည်။
Potassium သည် ငှက်ပျောသီးထဲတွင်ပါရှိသော ပမာဏထက်သုံးဆပိုသောကြောင့် ဦးနှောက်နှင့်အာရုံကြော အဖွဲ့အစည်းကို ကောင်းစွာအလုပ်လုပ်စေနိုင်သည်။
Vitamin A သည် မုန်လာဥနီထဲ တွင်ပါရှိသောပမာဏထက် လေးဆပိုသောကြောင့် မျက်စိရောဂါ၊ အရေပြားရောဂါနှင့် နှလုံးရောဂါတို့ကို ကာကွယ် ပေးနိုင်သည်။
ပရိုတင်းသည် နို့နှင့်ကြက်ဥထဲတွင်ပါရှိသောပမာဏထက် နှစ်ဆနီးပါး ပိုသောကြောင့် ခန္ဓာကိုယ်ထဲရှိ ဆဲလ်များပိတ်ဆို့မှုတို့ကို ကာကွယ်ပေးနိုင်သည်။

  1. သွေးတိုးရောဂါသည်များအတွက် ဒန့်သလွန်ရွက်နှင့်အသီးတို့က ဆရာဝန် တစ်ဦးကဲ့သို့ အားထားလောက်ပါသည်။
  2. သွေးကိုသန့်စင်စေကာ သွေး လည်ပတ်စီးဆင်းမှုကိုချောမွေ့စေပြီး ခွန်အားလည်းတိုးပွားစေသဖြင့် ကြီးကောင် ဝင်စ ဆယ်ကျော် သက်ရွယ်ကလေးများ မှန်မှန်စားသုံးပေးသင့်သည်။
  3. အရိုးအားကို တိုးပွားစေသည့် အတွက် နို့စို့ရွယ်ကလေးငယ်များကိုလည်း ဒန့်သလွန်သီးနှင့် အရွက်ပြုတ်ရည်တို့ကို အဝတ်ပါးဖြင့် စစ်ကာ နို့ချိုဖြင့်ရော၍တိုက်ကျွေးသင့်သည်။
  4. လှပပြီးမွှေးကြိုင်သောအဖြူရောင် ဒန့်သလွန်ပန်းပွင့်ရနံ့က ကောင်းစွာအိပ်မောကျစေနိုင်သည်။
  5. မွေးဖွားခါနီး မိခင်လောင်းများအတွက် မရှိမဖြစ်လိုအပ်သော ကယ်လ်ဆီယမ်၊ ဗီတာမင်နှင့် သံဓာတ်တို့သည် အသီးနှင့်အရွက်များ ထဲတွင် အလုံအလောက်ပါရှိသည်။ ကိုယ်ဝန်ဆောင် စဉ်ကတည်းက အသီးနှင့်အရွက်တို့ကို မှန်မှန်စားပေးခြင်းဖြင့် နို့ရည်လိုက်စေ သည်။ ဒန့်သလွန်ရွက်ကို ဆားအနည်းငယ်ဖြင့်ပြုတ်ပြီးနောက် အရွက်ကိုရေ စစ်ပြီး ထောပတ်ဖြင့် သုပ်စားပေးခြင်း ဖြင့် နို့တိုက်မိခင် များ နို့ရည်လှိုင်လှိုင် ပေါစေသည်။ ထို့ပြင်သားအိမ်ကို အားရှိ စေကာ မွေးဖွားရလွယ်ကူစေသည့်အပြင် မွေးဖွားပြီးနောက် ဖြစ်ပေါ် တတ်သော နောက်ဆက်တွဲ မီးယပ်ဝေဒနာအမျိုးမျိုး တို့ကိုလည်း သက်သာစေနိုင်သည်။
  6. အစာချေစနစ်ကို ကောင်းမွန်စေပြီး အူရောင်ငန်းဖျားရောဂါ၊ ဝမ်းသွား ခြင်း၊ ကာလဝမ်းရောဂါ၊ဝမ်းကိုက်ရောဂါ နှင့် အသည်းရောင်အသားဝါ တို့ကိုလည်း ကောင်းစွာကုသပေးနိုင်သည်။ (လက်ဖက် ရည်ဇွန်းတစ်ဇွန်းစာပမာဏရှိသော ဒန့်သ လွန်ရွက်သတ္တုရည်ကို ပျားရည်၊အုန်းရည် အနည်းငယ်တို့ဖြင့် ရောစပ်ကာ တစ်နေ့ လျှင်နှစ်ကြိမ်မှသုံးကြိမ်ခန့် သောက်ပေးရုံ ဖြင့် ထိုရောဂါများကို ယူပစ်သလိုပျောက် ကင်းစေနိုင်ပါသည်။)
  7. ဒန့်သွန်ရွက်သည် Penicilin ကဲ့သို့ ပိုးသတ်နိုင်စွမ်းရှိသဖြင့် ခန္ဓာကိုယ်တွင်းကိုယ်ပနှင့်အရေပြားပေါ်ရှိ ကူးစက် ရောဂါအမျိုးမျိုး တို့ကို ကာကွယ်တားဆီး ပေးနိုင်သည်။ ထို့ပြင် အူထဲရှိ သန်ကောင် များကိုလည်းကျစေသည်။အရေပြားမှိုစွဲ ခြင်းနှင့်ယားနာအမျိုးမျိုးတို့အတွက်လည်း ဒန့်သလွန်ပင်စည်၏ အခေါက်မှုန့်ဖြင့် လိမ်းကျံပေးနိုင်သည်။
  8. ဖိုမသဘာဝ ကာမအားအင်ကုန် ခန်းခြင်းနှင့် မျိုးကန်းခြင်းတို့အတွက် ဒန့် သလွန်ပန်းပွင့်ကို နို့ဖြင့်ပြုတ်သောက်ပေး သင့်သည်။
  9. ဒန့်သလွန်ပင်စည်၏ အခေါက် ကို အမှုန့်ကြိတ်၍ လျက်ပေးခြင်းဖြင့် အမျိုးသားများသုက်ရည်ကျဲခြင်းကို ကုသပေးနိုင်ပြီး ဖခင် ကောင်းတစ်ယောက် အဖြစ် စွမ်းဆောင်နိုင်သည်။
  10. ဒန့်သလွန်သီးသည် အသည်း နှင့်သရက်ရွက်တို့ ရောင်ကိုင်းခြင်း၊ မေး ခိုင်ရောဂါ၊ အာရုံကြောအားနည်းခြင်း၊ သွက်ချာပါဒ၊ ပြည်တည်နာနှင့် အနာကြီး ရောဂါစသည့်ကိုယ်တွင်းကိုယ်ပ ဝေဒနာ အမျိုးမျိုးတို့ကိုပျောက်ကင်းစေနိုင်သည်။

  11. ဒန့်သလွန်ပင်၏ အခေါက်ထဲတွင် အစေးများပါရှိသည်။ အစာအိမ်နာ ရောဂါသမားများသည် ထိုအခေါက်ကို ပြုတ်သောက် ပေးသင့်သည်။
  12. ဒန့်သလွန်သီးသည် ရင်ပြည့်ရင် ကယ်ဖြစ်ခြင်း၊ လည်ချောင်းနာခြင်းနှင့် ချောင်းဆိုးခြင်းတို့ကို သက်သာကောင်း မွန်စေနိုင်သည်။
  13. ဆီးသွားလွန်ခြင်းရောဂါအတွက် ဒန့်သလွန်ရွက် သတ္တုရည်ကို သောက်သုံး ပေးသင့်သည်။ကျောက်ကပ်နှင့် ဆီးလမ်း ကြောင်း ပြဿနာများအတွက် ဒန့်သလွန် ရွက်သတ္တုရည်စားပွဲတင်ဇွန်းတစ်ဇွန်းစာ ပမာဏထဲသို့ ဆားအနည်းငယ်ရော၍ မုန်လာဥနီ (သို့မဟုတ်) သခွားသီးဖျော် ရည်အနည်းငယ်ဖြင့် ရောသောက်ပေး သင့်သည်။
  14. ဒန့်သလွန်သီးနှင့် သံပရာရည် တို့ကို ရောကြိတ်ပြီးနောက် ရရှိလာသော အနှစ်ရည်ကိုမျက်နှာအနှံ့လိမ်းကျံပေးခြင်း ဖြင့် ဝက်ခြံစို၊ ဝက်ခြံခြောက်၊ ဆားဝက် ခြံ၊ မှဲ့ခြောက်တို့ကို ပျောက်ကင်းစေနိုင် ပြီး မျက်နှာအသားအရေကို ဝင်းပလာစေ သည်။ (သို့မဟုတ်)လတ်ဆတ်သော ဒန့် သလွန်ရွက်သတ္တုရည်ကို သံပရာရည်ဖြင့် ရောစပ်၍ လိမ်းကျံပေးနိုင်သည်။
  15. အဆစ်အမျက် နာကျင်ကိုက်ခဲ ခြင်းနှင့် ခေါင်းကိုက်ခြင်းဝေဒနာများ အတွက် ဒန့်သလွန်ရွက်ကိုထောင်း၍အုံ ပေးနိုင်သည်။
  16. ဒန့်သလွန်ရွက်သည် ရင်ပြည့် ရင်ကယ်ဖြစ်ခြင်း၊ ချွဲသလိပ်ထခြင်း၊ ပန်းနာရပ်ကျပ်ချောင်းဆိုးခြင်း၊ တီဘီ အဆုတ်နာနှင့် လည်ချောင်းနာခြင်းဝေဒ နာတို့အတွက် အလွန်ဆေးဖက်ဝင်ပါ သည်။
  17. ပန်းနာရင်ကျပ်ရောဂါသည် များနှင့် အဆုတ်ဝေဒနာသည်များသည် ဒန့်သလွန်သီးနှင့်အရွက် ပြုတ်သည့် အခိုးငွေ့ကို ရှူရှိုက်ပေးခြင်းဖြင့် များစွာကောင်းကျိုးပြုပေးနိုင်သည်။

ဒန့်သလွန်ပင်ကို ’ဗီတာမင်နှင့်သတ္တု ဓာတ်တို့စုဝေးရာအိမ်ကြီး’ဟု တင်စားခေါ်ဝေါ်ကြသည်။ မှန်ပါသည်။ ဘေးထွက်ဆိုးကျိုး လုံးဝမရှိဘဲ လူသားတို့ ကျန်းမာရေးကို အထောက်အကူပေးသည့် လက်တစ်ကမ်းမှ အလွယ်တကူရရှိနိုင် သော ထိုဟင်းသီးဟင်းရွက် ကို လက် လွတ်မခံဘဲစားသုံးကြစေလိုကြောင်း…
မှတ်ချက်
(က) အချို့သောသူများသည် ဒန့်သ လွန်သီးနှင့်မွေးရာပါဓာတ်မတဲ့ရောဂါ ရှိတတ်သဖြင့် သတိပြုစေလိုပါသည်။
(ခ) ဒန့်သလွန်သီးနှင့်ကလောဥတို့ကို တွဲဖက်၍ မစားသင့်ပါ။

ကမ္ဘာပေါ်တွင် ဒန့်သလွန်ပင် စတင်ပေါက်ရောက်ရာဇာစ်မြစ်မှာ အိန္ဒိယနိုင်ငံ၏ အနောက်မြောက်ဘက်ဒေသဖြစ်ပြီး ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ် နှင့် အာဖဂန်နစ္စတန် စသည့် အပူပိုင်းဇုန်တို့တွင်လည်း လှိုင်လှိုင်ပေါသည်။ ဒန့်သလွန်သီးအကြောင်းကို လွန်ခဲ့သော အနှစ် ၂ဝ ကျော်ခန့်က အိန္ဒိယနိုင်ငံတွင် ဆေးသုတေသနပြုလုပ်ပြီး နောက်မှာတော့ ဒန့်သလွန်သီးသာမက အပွင့်၊ အရွက်၊ အစေ့၊ အပင်၏ အခါက်နှင့်အမြစ်အပါအဝင် တစ်ပင်လုံး၏ထူးခြားဆန်းပြားအံ့သြဖွယ်ကောင်းလောက်အောင် ဆေးဖက်ဝင်ပုံကို လေ့လာ သိရှိလာခဲ့ကြ သည်။ ထိုအချိန်မှစ၍ ဒန့်သလွန်ပင်သည် အရေးပါသော စားသောက်ကုန်သီးနှံတစ်ခုအဖြစ် အီသီယိုပီးယား၊ ဖိလစ်ပိုင်၊ ဆူဒန်၊ အရှေ့-အနောက် -တောင်အာဖရိက၊ လက်တင်အမေရိက၊ ကာရေဘီယံ၊ ဖလော်ရီဒါနှင့် ပစိဖိတ်ကျွန်းစုတို့တွင် ကျယ်ပြန့်စွာစိုက်ပျိုးလာခဲ့ကြသည်။

Leave a Reply

Your email address will not be published. Required fields are marked *