• Caffeine (ကဖင်း) ဓါတ်ဟာ သဘာဝအအားဖြင့် ကော်ဖီနဲ့ လက်ဖက်ခြောက်ထဲမှာ ပါနေတယ်။
• လက်ဖက်ရည်ကတော့ ၄ မျိုးရှိတယ်။ Green tea, Oolong tea, White tea နဲ့ Black tea တွေဖြစ်တယ်။
• လက်ဖက်မှန်သမျှ Camellia Sinensis အပင်ကနေရာပါတယ်။
• (ကဖင်း) ဘယ်လောက်ပါသလဲဆိုတာက အမျိုးမျိုးရှိတယ်။ လက်ဖက်ရည်တခွက်ထဲမှာ ယေဘုယျဆိုရင် 15 to 75 mg ပါတယ်။ အရွက်သပ်သပ်ဆိုရင် အလေးချိန်ရဲ့ ၃% ရှိတယ်။
• အကြမ်းအားဖြင့် ကော်ဖီ တခွက် (၈ အောင်စ) ထဲမှာ 90mg (ကဖင်း) နဲ့ လက်ဘက်ရည် အထုပ်လေးတွေနဲ့ သောက်ရတဲ့ တခွက် (၈ အောင်စ) ထဲမှာ 65mg ပါတယ်။
• Green Tea လက်ဖက်ရည်တခွက် (၈ အောင်စ) ထဲမှာ (ကဖင်း) 15-36 mg ပါတယ်။ (ကဖင်း) အုပ်စုထဲက Theobromine နဲ့ Theophylline (ပန်းနာအတွက်သုံးတဲ့ဆေး) တွေလဲ ပါတယ်။
• Oolong Tea (အူးလောင်) လက်ဖက်ရည် တခွက် (၈ အောင်စ) ထဲမှာ 12 – 55 mg ပါတယ်။
• White Tea လက်ဖက်ရည်ဖြူခေါ်တာထဲမှာ 6 – 25 mg ပါတယ်။
• Black Tea လက်ဖက်ရည်ခါးထဲမှာ 25 – 110 mg ပါတယ်။
• Instant coffee ထဲမှာ 65-100mg ပါတယ်။
• Espresso (အိတ်စ်ပရက်ဆို) ၂ အောင်စ ကော်ဖီထဲမှာ 100 (ကေဖင်း) ပါတယ်။
• Beverages ခေါ်တဲ့သောက်စရာအရည်အမျိုးမျိုးထဲမှာ ကော်ဖီ၊ လက်ဖက်ရည်၊ Soft drinks ခေါ်တဲ့အချိုရည်၊ Energy drinks ခေါ်တဲ့ အားကစားသမားတွေသောက်တဲ့ အချိုရည်တွေထဲမှာ (ကဖင်း) ဓါတ်ပါတယ်။ တချို့ အမျိုးအစားတွေထဲမှာတော့ ကဖင်း မပါဘူး။
• Soft drink တွေထဲမှာ Soda, Pop, Coke, Soda pop, Fizzy drink, Tonic, Seltzer, Mineral, Sparkling water, Lolly water နဲ့ Carbonated beverage စတာတွေပါတယ်။
• Alcoholic beverages အရက်တချို့ ဥပမာ Four Loko ထဲမှာ Caffeine (ကဖင်း) နဲ့ Stimulants စိတ်ကြွစေတာတွေ ပါတယ်။
• မြန်မာတွေ နေ့တိုင်းစားနေကြတဲ့ လက်ဖက်သုပ်အမျိုးမျိုးထဲမှာလဲ (ကဖင်း) ဓါတ် အသေအချာပါပေမဲ့ ဘယ်လောက်အထိ အလေးချိန်၊ ရာခိုင်နှုန်းပါသလဲဆိုတာ သုတေသန သိပ်မတွေ့ပါ။

Leave a Reply

Your email address will not be published.