လူတွေတော်တော်များများက ညဘက် အိပ်မောကျနေတဲ့အချိန်မှာ ဟောက်တတ်တဲ့ အကျင့်ကို ပေါ့သေးသေးကိစ္စလို့သဘောထားကြပါတယ်။ အမှန်တော့ အိပ်နေတဲ့ အချိန်မှာ ဟောက်တာက သင့်ကျန်းမာရေးအတွက် ဘေးအန္တရာယ်ရှိစေပါတယ်။ ညဘက်အိပ်စက်နေချိန်မှာ မေးရိုး၊လည်ချောင်းနဲ့လျှာကြွက်သားတွေက ကောင်းကောင်း အလုပ်မလုပ်နိုင်ချိန်မှာ နှာခေါင်းနဲ့အသက်မရှူနိုင်တာတွေဖြစ်လို့ ဟောက်ပြီး ပါးစပ်နဲ့အသက်ရှူခြင်းတွေဖြစ်လာရတာပါ။ ဒီလိုဟောက်တတ်တဲ့သူတွေက တစ်ညမှာ အကြိမ်ရာချီပြီး ဟောက်တတ်ကြပါတယ်။ လူအများစုကတော့ အိပ်စက်ရင်း ဟောက်ရလွန်းလို့တစ်ရေးနိုးပြီး မောဟိုက်သလိုခံစားနေရ တတ်ပါတယ်။ မောဟိုက်ခြင်းအပြင်

  • အက်ဆစ်ပြန်စီးကျခြင်း၊
  • ညဘက်တွင် မကြာခဏဆီးထသွားခြင်း၊
  • မှတ်ဉာဏ်ဆုံးရှုံးခြင်း၊
  • စိတ်ဓာတ်ကျခြင်း
  • ဆီးချိုရောဂါဖြစ်ခြင်း
  • နှလုံးရောဂါဖြစ်ခြင်း

အစရှိတဲ့ ကျန်းမာရေးပြဿနာတွေဖြစ်စေနိုင်ပါသေးတယ်။ အသက်၃၅နှစ်နဲ အထက်လူကြီးပိုင်းတွေမှာ အဖြစ်များပါတယ်။

ဟောက်ခြင်းကို ပျောက်အောင်ကုသနိုင်တဲ့ ဆေးပညာတွေ၊ အထောက်အကူပြုပစ္စည်းတွေလဲ ပေါ်ပေါက်နေပြီဖြစ်လို့သိနားလည်းတဲ့ ဆရာဝန်တွေနဲ့ဆွေးနွေးကုသပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်စက်နိုင်ကြပါစေ

Leave a Reply

Your email address will not be published.